နှုတ်ခမ်းသားခြောက်သွေ့ပြီး အရေးကြောင်းဖြစ်ပေါ်လျှင်
01-Mar-2017
နှုတ်ခမ်းသားခြောက်သွေ့ခြင်း
နှုတ်ခမ်းသားတွေ ခြောက်သွေ့တာကြောင့် စိတ်ကိုညစ်ညူးစေ ပါတယ်။နှုတ်ခမ်းသား ခြောက်သွေ့တာကို ဂရုမပြုပါက နှုတ်ခမ်းသားတွေ အက်ကွဲတဲ့ အထိ ဖြစ်လာတတ်ပြီး နာကျင်တာ၊ နှုတ်ခမ်းက သွေးထွက်တာတွေပါ ဖြစ်လာတတ်ပါတယ်။ နှုတ်ခမ်းသားခြောက်တာနဲ့ နှုတ်ခမ်းကွဲအက်တာတွေအတွက် အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
ဖြစ်စေသောအကြောင်းရင်း
နှုတ်ခမ်းသားခြောက်သွေ့တာနဲ့ နှုတ်ခမ်းသား အက်ကွဲတာကိုဖြစ်စေတဲ့ အကြောင်းတွေ များစွာရှိပါတယ်။ နှုတ်ခမ်းသားတွေက ခနွာကိုယ်တခြားနေရာတွေမှာလို အဆီဂလင်းတွေ မပါရှိတာကြောင့် ခြောက်သွေ့မှုကို ပိုမိုသိသိသာသာ ခံစားရတတ် ပါတယ်။ ရေသောက်နည်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကနှုတ်ခမ်းသားခြောက်သွေ့ကွဲအက်စေတဲ့ အကြောင်းထဲမှာ ပါဝင်နေပါတယ်။ ရာသီဥတုကလည်း နှုတ်ခမ်းသား စိုစွတ်မှုကို ပ့ံပိုးပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ အရမ်းအေးတဲ့ လေနဲ့ထိတွေ့မှုများတာတွေက နှုတ်ခမ်းသား ကို ခြောက်သွေ့မှု ပိုစေပါတယ်။ ဒါ့အပြင်သွေးအားနည်းရောဂါရှိတာက လည်း နှုတ်ခမ်းခြောက်သွေ့မှုကို ဖြစ်စေပါတယ်။
ကုသခြင်း
နှုတ်ခမ်းသားတွေ ခြောက်သွေ့မှု အတွက် ကုသမှုတွေလည်း များစွာရှိနေနိုင် ပါတယ်။ ကုပ္မဏီမျိုးစုံကနေ နာမည်မျိုးစုံနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ Lips balm မျိုးစုံ စျေးကွက်ထဲမှာ ရှိနေပါတယ်။ Lips balm မျိုးစုံ စျေးကွက်ထဲမှာ ရှိနေပါတယ်။ Lips balm က ခြောက်သွေ့နေတဲ့ သင့်နှုတ်ခမ်းသားကို စိုစွတ်စေပြီး အက်ကွဲမှုမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ Petroleum jelly နဲ့ Cocoa butter ပါဝင်တဲ့ ထုတ်လုပ်ပစ္စည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
အိမ်တွင်းကုထုံး
အိမ်တွင်းကုထုံးအနေနဲ့ ပျားရည်ကို အသုံးပြုနိုင်ပါတယ်။ ပျားရည်ကိုနှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးထားပါက နှုတ်ခမ်းသားကို နူးည့ံပျော့ပျောင်းစေ ပါတယ်။ ရေသောက်ပေးတာ၊ အိမ်တွင်းမှာ အစိုဓာတ်ရရှိအောင် ထိန်းတာတွေပြုလုပ်ပေးပါ။ နှုတ်ခမ်းခြောက်တာကို လျှာနဲ့လျက်ပြီး တံတွေးစွတ်စိုတာမျိုး မလုပ်ပါနှင့်။ တံတွေးက အခြောက်မြန်တာကြောင့် နှုတ်ခမ်းသား ပိုပိုခြောက်သွေ့တယ်လို့ ခံစားရပါတယ်။ ဒီနည်းလမ်းတွေနဲ့ နှုတ်ခမ်းခြောက်တာကို မဖြေရှင်းနိုင်ပါက တခြားကျန်းမာရေးဆိုင်ရာ ရောဂါတစ်ခုခု ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့တော့လိုပါတယ်။
နှုတ်ခမ်းသားတွင် အရေးအကြောင်းပေါ်ခြင်း
နှုတ်ခမ်းရဲ့ အရေးအကြောင်းတွေ ဆိုတာက နှုတ်ခမ်းသားပေါ်ထောင် လိုက်ရှိနေတဲ့ လိုင်းတွေပါ။ အသက်အရွယ်ပေါ်မူတည်ပြီး အပေါ်နှုတ်ခမ်းပေါ်မှာဖြစ်ပေါ်လာတာပါ။
ဖြစ်စေသောအကြောင်းရင်း
နှုတ်ခမ်းသားပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာရတဲ့ အဓိကတရားခံက အရေပြားကို တင်းရင်းစေတဲ့ ကိုလာဂျင်တွေ လျော့နည်းသွားတာကြောင့်ပါ။ တခြားအကြောင်းဖြစ်တဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ ဆေးလိပ်သောက် တာတွေကြောင့်လည်း နှုတ်ခမ်းကို အရေးကြောင်းထင်စေပါတယ်။ နှုတ်ခမ်းသား ထူသူတွေက နှုတ်ခမ်းပါးသူတွေထက် နှုတ်ခမ်းမှာ အရေးကြောင်း ပိုထင်နိုင် ပါတယ်။ နှုတ်ခမ်းသားပေါ်မှာ အရေးကြောင်း ထင်ပြီးမှဆိုရင် ပြန်လည်ပြုပြင်ဖို့ ခက်ခဲပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, July 2016, Pg. 15